စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

စစ်ကိုင်း ဒီဇင်ဘာ ၁

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဇေယျာအခြေခံပညာအလယ်တန်းကျောင်းတို့ပူးပေါင်း၍ ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဒီဇင်ဘာ(၁) ရက်၊ နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာဝင်းက ကျောင်းသား/ ကျောင်းသူကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုလိုအခြေခံပညာကျောင်းများနှင့် ပူးပေါင်း၍၊ ကလေးငယ်များ အနေဖြင့် လူအများရှေ့တွင်ရဲဝံ့စွာ ပြောဆိုတက်စေရန်၊ အချင်းချင်းစည်းလုံးညီညွတ်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန် နှင့် ပူးပေါင်းဆောင် ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြော ကြားခဲ့ပြီး ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ၊ ကျောင်းသား လူငယ်များ အသိပညာဗဟုသုတများရရှိစေရန် သုတ၊ ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ ပြိုင် ပွဲများကျင်းပေးခြင်းနှင့် အခါအားလျော်စွာ Talk Show များဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက် ပေးနေလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်