နယ်ရုံးများ၏သတင်းများ

Aug 23,2023
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေသုဝဏ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၇၄) ၊ အာဇာနည်လမ်း၊ ရပ်ကွက်ကြီး (၁) ၊ ပြင်ဦးလွင်မြို့နယ်ရှိ ရွှေသုဝဏ်ကိုယ်ပိုင် အထက်တန်းကျောင်း၌ ကျင်းပသည်။
Aug 23,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာများအသင်း ဥက္ကဋ္ဌ စာရေးဆရာမကြီး ဒေါ်ခင်ခင်ဝင်းနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာကြီး၊ ဆရာမကြီးများပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
Aug 23,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက် ကြသည်။
Aug 23,2023
ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်များအတွင်း စာဖတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းတစ်ရပ်အဖြစ် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာငှားဝန်ဆောင်မှုများကို ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၊ ဌာနဆိုင်ရာ ရုံးများတွင် နေ့စဉ်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးများသို့ ရွေ့လျား မော်တော်ယာဉ်ဖြင့် သုတ/ရသစာအုပ်ပေါင်း (၁၈၀)အုပ် သွားရောက်ငှားရမ်းပေးနိုင်ခဲ့ကြောင်း သိရသည်။
Aug 23,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre) တွင် လူငယ်များ မြန်မာ့ယဉ်ကျေးမှုအ‌မွေအနှစ်များကို တန်ဖိုးထားတတ်စေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက လူငယ်နှင့်မြန်မာ့ယဉ်ကျေးမှုအနုပညာ ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
Aug 23,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန် နှုတ်မှုစွမ်းရည်တိုးတက်စေရန် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်
Aug 22,2023
လူငယ်များ၏ စွမ်းဆောင်ရည်များကို အားပေးမြှင့်တင်ခြင်းနှင့်လူငယ်များ၏ အတွေးအခေါ်အယူအဆများကို ပြောဆိုခွင့်ရရှိစေရေးအတွက် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်များကို ကျင်းပပေးလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကန့်ဘလူမြို့ အ.ထ.က( ၂) ထာဝရ ခန်းမ၌ ကျင်းပသည်။
Aug 22,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီ​​မြို့အမကမူလွန် ဇီးဖြူကျောင်းခန်းမ၌ ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားကာ စာဖတ်သည့် အလေ့ထ​ကောင်းများရရှိစေရေးနှင့် က​လေးအလုပ်သမားပ​ပျောက်​ရေး​၊ မူးယစ်ဆေးဝါးအန္တရယ် ကာကွယ်ရှောင်ရှားနိုင်​ရေးများကို သိရှိ​စေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၁း၀၀)နာရီအချိန်က အ.မ.က မူလွန် ဇီး​ဖြူကုန်းကျောင်းခန်းမ၌ ​ကျင်းပခဲ့သည်။