သံတောင်ကြီးမြို့နယ်၊ Community Centre ခန်းမတွင် Book Club/Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး နိုဝင်ဘာ ၂၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်၊ လူရွယ်များ အကောင်းအဆိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာကလောင်စုံ၏ လူဆိုသည်မှာစာအုပ်အား ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က   Community    Centre ခန်းမ၌   စာဖတ်ဝိုင်းဆွေးနွေးပွဲ    ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး နော်နီလာအေးက   စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ     ရှင်းလင်းပြောကြားပြီး   နော်အဲအယ် (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာဖြစ်သည့် အသိတရားနှင့်အသိ၊ လူနှင့်ဘဝနေနည်း၊  လေးစားဖို့ထိုက်ပါတယ်၊ လူဖြစ်ရတုန်းလေး၊ ခေါင်းဆောင်အလားအလာ အကဲဖြစ်စရာစသည့်အကြောင်း အရာများအား စာဖတ်ဝိုင်းဆွေး‌နွေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး    စောနေဝါး  (Youth  Club)  အဖွဲ့ဝင်က ကိုယ်တိုင်ရွှေးချယ်ပါ၊ လူ့တန်ဖိုး၊ တာဝန် ယူချင်စိတ်နဲ့အလုပ်လုပ်ကြမယ်၊ မျိုးဆက်သစ်သို့လမ်းပြကြယ်၊  ကိုယ့်ကိုယ်ကိုသိတန်ဖိုးရှိ၊ လူစစ်လူမှန် လူတော်လူကောင်းစသည့် အကြောင်းအရာများကိုဖတ်ကြားခဲ့ပြီး တက်ရောက်လာသည့်  Book  Club/Youth Club အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူဆိုသည်မှာစာအုပ်အား စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာနေထိုင်ရန် လူငယ်များ စိန်ခေါ်မှုများစွာရှိသော်လည်း လမ်းမှားမရောက်ရှိစေရန်၊ မိမိကိုယ်ကိုတန်းဖိုးရှိစွာ နေထိုင်ပြုမူရန် စသည့်အကြောင်းအရာများ သိရှိရသည့်အတွက် များစွာအကျိုးကျေးဇူးရရှိစေသည့် စာအုပ်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

နော်လော်မူ