နယ်ရုံးများ၏သတင်းများ

Aug 24,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၁)နာရီက အထက(၁)ကျောင်းရှိ မဟာပညာကျော်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
Aug 24,2023
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်လူရည်ချွန်များ ပေါ်ထွန်းလာရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်သော "လူငယ်စကားဝိုင်း" ကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်မြို့အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း "ပညာတံခွန်" ခန်းမ၌ ကျင်းပရာ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊‌ ကျောင်းသူများတက်ရောက်သည်။
Aug 24,2023
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပေးလေးပင်ခန်းမ၌ ကျင်းပခဲ့သည်။
Aug 24,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယာယီခိုလှုံရာစခန်းရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်သည့်အလေ့အထများ ရရှိလာစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်ဖွင့် လှစ်ပေးခြင်းနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပသခြင်း တို့ကို ယမန်နေ့နံနက် ၁၁ နာရီက အောင်တပ်ရပ်ကွက် မင်္ဂလာအောင်စေတီဘုရား ယာယီခိုလှုံရာစခန်းရှိ ယာယီအခြေခံပညာ (မူလွန်) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
Aug 24,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ လူငယ်များနှင့်စာဖတ်ဝိုင်းကို ဩဂုတ်လ ၂၂ ရက်နေ့၊ မွန်းလွဲ ၃ နာရီက အဆိုပါအဆောက်အဦအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။
Aug 24,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
Aug 24,2023
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 24,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/ သူလူငယ်လေးများ ပလက်စတစ် သုံးစွဲမှုဆိုင်ရာအသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။