နယ်ရုံးများ၏သတင်းများ

Sep 23,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်နှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁ဝ)နာရီအချိန်က စိုက်ပျိုးရေးသိပ္ပံ၊ ဟုမ္မလင်းကျောင်းဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Sep 23,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါအထက(ပူတာအို)ကျောင်း အောင်ဆန်းခန်းမ၌ကျင်းပသည်။
Sep 23,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Women Club နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁း၃၀ နာရီက အဆိုပါအဆောက်အဦအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Sep 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရုံးနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကာ စာရေးဆရာအောင်သင်းရေးသားသည့် “နှလုံးသားကို လေးပေါ်တင်၍ပစ်သောအခါ” စာအုပ်ဖြင့် အပြန်အလှန်ဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁း၃၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့် မြို့နယ်ရုံး( Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
Sep 23,2023
ချီဖွေမြို့နယ် အမှတ် (၂) အခြေခံပညာမူလ‌တန်းကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၁) နာရီတွင် အဆိုပါ ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Sep 23,2023
ချင်းပြည်နယ်၊ ဟားခါးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၁၁ နာရီက ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်သည်။
Sep 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာနတွင် ယမန်နေ့ညနေ(၃)နာရီက စာဖတ်ရှိန်မြင့်မားရေး စာရေးဆရာ သတိုးနွယ် ရေးသားသည့် အောင်မြင်ကြီးပွားကြောင်း နည်းကောင်း(၁၀၀) စာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။