နယ်ရုံးများ၏သတင်းများ

Sep 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီး ဌာနနှင့်မြို့နယ် အမျိုးသမီးများအသင်း (Women Club)  တို့ ပူးပေါင်း၍  တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပညာဖြင့် တစ်ဖက်တစ်လမ်း အကျိုးပြုစေရန်ရည်ရွယ်၍ အမျိုးသမီးအိမ်တွင်းမှုပညာသင်တန်းများ စဥ်ဆက်မပြတ် ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နေ့လယ်(၁၂:၃၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အိမ်တွင်းမှုသင်တန်းအဖြစ် (Fancy) အလှပန်းအိုး ပြုလုပ်နည်းသင်တန်းအား ဖွင့်လှစ်ခဲ့သည်။
Sep 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် အနာဂတ် လူငယ်လူရွယ်များသည် တိုင်းပြည်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်ရာ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်တို့ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က အ.ထ.က (၁)ကျောင်း၊ ရွှေဂန္ဓမာခန်းမ၌ ကျင်းပခဲ့သည်။
Sep 24,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဟောပြောပွဲ၊ နံရံကပ်ဓါတ်ပုံပြပွဲနှင့်နံရံကပ်စာ‌ စောင်ပြပွဲကျင်းပပြုလုပ်ခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ပိုပ်သည်ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 24,2023
မူလတန်းအရွယ်ကလေးများအနေဖြင့် အသိပညာ အတတ်ပညာပေါင်းစပ်ပြီး မိမိအကျိုး၊ နိုင့်ငံ့အကျိုးများကို ဆောင်ရွက်တတ်စေရန်၊ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ခွဲခြားသိမြင် ရွေးချယ်တတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ မူလတန်း(အထက်)ဆင့် ပညာတန်ဆောင်ရုပ်ပြစာစီစာကုံးပြိုင်ပွဲကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ "မြရတနာ" ခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Sep 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ "လူငယ်နှင့်စာရိတ္တ" ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ကြောင်းသိရသည်။
Sep 24,2023
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်ရုံးသည် အခြေခံပညာကျောင်းသား/သူလေးများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်၊ ပြောဆိုမှုစွမ်းရည်တိုးတက်လာစေရန်နှင့် မှတ်ဉာဏ် စွမ်းရည်တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ဦးစီးအရာရှိဒေါ်ပြည့်ဖြိုးသန့်နှင့် ဝန်ထမ်းများသည် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီက ရွာငံမြို့နယ်၊ ရေဦးကျေးရွာ၊ အခြေခံပညအထက်တန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 24,2023
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ပန်းတုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၂၇)ဦး တက်ရောက်ခဲ့ကြသည်။