ပဲခူး ဒီဇင်ဘာ ၁၃
ပဲခူးမြို့နယ် စာရေးဆရာအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက ပဲခူးမြို့ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျောင်းအုပ်ဆရာကြီး ဦးရန်မင်းနိုင်က အမှာစကားပြောကြားပြီး ပဲခူးမြို့နယ် စာရေးဆရာအသင်း၊ စာရေးဆရာမ မေတ္တာမိုးနှင်း(ပဲခူး)က စာဆိုတော်နေ့နှင့် စာအုပ်စာပေဖတ်ရှူရခြင်း အကျိုးကျေးဇူးခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပဲခူးမြို့နယ်စာရေးဆရာအသင်း၊ အတွင်းရေးမှူး စာရေးဆရာ လင်းအရုဏ်ဦး(ပဲခူး)က စာဆိုတော်နေ့မှသည် စာပေမြင့်မားရေးအကြောင်းခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
ယင်းနောက် စာရေးဆရာများက ကျောင်းသား/ သူများအား စာဆိုတော်နေ့နှင့်ပတ်သက်၍ အသိပညာပေးမေးခွန်းများမေးမြန်းပြီး အဖြေမှန်သည့် ကျောင်းသား/ သူများအား ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်