ကျောက်တလုံးကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကျောက်တလုံးကြီး ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ လူငယ်များ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့နယ်ဦးစီးမှူး ဒေါ်သန္တာဝင်းက ပြိုင်ပွဲများပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျားကွက်ရွှေ့နှင့် အရုပ်ဆက်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

အဆိုပါ ပြိုင်ပွဲတွင်ဆုရရှိသူများကို မြို့ဦးစီးမှူးမှ ဆုများချီးမြှင့်ပေးခဲ့ကြောင်းနှင့် ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးသူငယ်များကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ အသိပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း