မိုင်းစံမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းဆောင်ရွက်

မိုင်းစံ ဇန်နဝါရီ ၁ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက် ဆောင်ရွက် ပေးခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများ၊ စာဖတ်ဝါသနာပါသူများ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအား စာပေများလက်ဝယ်အရောက် ငှားရမ်းဖတ်ရှုနိုင်ရန် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ စာဖတ် ပရိတ်သတ်များထံ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို မိုင်းစံမြို့ ရုံးဝန်ထမ်းများက ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများအား အလှည့်ကျသွားရောက် ငှားရမ်းပေးလျက် ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)