မိုင်းယောင်း၌ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲကျင်းပ

မိုင်းယောင်း ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် အောင်မင်္ဂလာကျေးရွာ အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများသည် ၂၀၂၀ ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက် က ကျေးရွာစာကြည့်တိုက်၌ ကျင်းပသည်။ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲတို့တွင် ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးလင်းနှင့် အနာဂတ် အလင်းရောင် စာကြည့်တိုက်မှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးပြီး ကျေးရွာစာကြည့်တိုက်မှူး မှ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများကို ရောင်စုံခဲတံနှင့် ဘောပင်များ၊ မုန့်နှင့် အအေးများကို အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း