ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့မှ ဦးဆောင်၍ ဈေးအတွင်းရှိ ဟင်းခတ်အချိုမှုန့် ဖော်ပြအလေးချိန် ပြည့်မပြည့် စစ်ဆေးခြင်းနှင့် ဆေးဆိုင်များအား စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာန၊ စည်ပင်သာယာရေး အဖွဲ့နှင့် ပြန်/ဆက် ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးနိုင်ဦးက တိုင်းရုံး ညွှန်ကြားချက်အရ စျေးကွက်အတွင်းရှိ ဟင်းခတ်အချိုမှုန့် ဖော်ပြအလေးချိန် ပြည့်မပြည့်နှင့် ဖော်ပြပါရှိရန် သတ်မှတ်ထားသော အချက်များ ပါဝင်မှုရှိမရှိအား စစ်ဆေးခဲ့ပြီး တိုင်းရင်းဆေးကုဌာန မြို့နယ် ဦးစီးမှူး ဦးငြိမ်းချမ်းစိုးက အများပြည်သူ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါးများ ၊ မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ / မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခန့်ဝင်း (ပြန်/ဆက်)