ရန်ကုန် ဖေဖော်ဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ငါးမျိုးစိုက်ထည့်ခြင်းကို လေးထောင့်ကန်ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီးဘေးရှိ သုံးခွရပ်ကွက်နှင့် လေးထောင့်ကန်ရပ်ကွက် တော်ခရားချောင်းအတွင်း၌ ယနေ့ နံနက် ၈ နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် လေးထောင့်ကန်ရပ်ကွက်ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သင်းသင်းခိုင်၊ လှော်ကားငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးရဲထွဋ်နိုင်တို့ ဦးဆောင်၍ လေးထောင့်ကန် အုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့်အဖွဲ့တို့သည် ငါးကြင်းရွှေဝါ ငါးသားပေါက် (၅)သိန်းအား ငါးမျိုးစေ့စိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။
လှလှထွေး(ပြန်/ဆက်)