ဒဂုံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ သက်ကြီးစာဖတ်ဝိုင်း ဆောင်ရွက်

ဒဂုံ   ဖေဖော်ဝါရီ   ၂၇

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍  အသိပညာဗဟုသုတ ကြွယ်ဝစေရန်  သက်ကြီး စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ရုံးခန်းမဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်း မစတင်မီ မြို့နယ်ဦးစီးမှူး   ဒေါ်ဇာဖြူဝင်းက  စာဖတ်ဝိုင်း   ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး  မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်  ဒေါ်နန္ဒာဝင်းက စာရေးဆရာအောင်သင်း၏ “နှလုံးသားကို လေးပေါ်တင်၍ပစ်သောအခါ” သုတစာအုပ်ဖြင့် ဘဝအခက်ခဲ မည်မျှပင်ရှိစေကာမူ မိမိရည်ရွယ်ချက်၊  ရည်မှန်းချက်ပန်းတိုင်  အလေးအနက်ထား ဆောင်ရွက်ရမည့်အကြောင်း စိတ်ခွန်အားပေးကာ ဦးဆောင် ဆွေးနွေး ပေးခဲ့သည်။ ထို့နောက် တက်ရောက်ကြသော အသင်းဝင်များက မိမိတို့အမြင်များ အတွေ့အကြုံ များဖြင့် အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)