ရေဦး ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် စာပေချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်းကျင်းပသော စိတ်ကြိုက်ကဗျာ ရွတ်ဆိုပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုပြုဌာန (Community Centre)၌ ကျင်းပခဲ့သည်။
စိတ်ကြိုက်ကဗျာ ရွတ်ဆိုပြိုင်ပွဲတွင် မြို့နယ် စာပေချစ်မြတိနိုးသူများ အသင်းဥက္ကဋ္ဌ သီချင်းရေးဆရာ စာရေးဆရာ ညွန့်ဖူးဝေက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြင့်စန်းက စိတ်ကြိုက်ကဗျာ ရွတ်ဆိုပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။
ကဗျာရွတ်ဆိုပွဲသို့ ကဗျာဆရာ၊ စာရေးဆရာ ၂၂ ဦး တက်ရောက် ရွတ်ဆိုခဲ့ကြကြောင်း သိရသည်။
သန်းသန်း (ရေဦး)