နယ်ရုံးများ၏သတင်းများ

Feb 26,2020
အာဆီယံ-ကိုရီးယား၏ အတူစာဖတ်ကြစို့ ပူတွဲစီမံကိန်းအရ စာဖတ်ပြပါ၊ အာဆီယံ - ကိုရီးယား စာအတူဖတ်စို့လား အစီအစဉ်အတွက် အသံထွက်၍ စာဖတ်ပြခြင်း သင်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က မကွေးခရိုင် ပြန်/ဆက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်တန်းစတင် ဖွင့်လှစ်ပို့ချလျက်ရှိရာ ယမန်နေ့ သင်တန်းဒုတိယနေ့တွင် သင်တန်းသားသင်တန်းသူ အချင်းချင်း အသံထွက်၍ စာဖတ်ပြခြင်းကို ပူးပေါင်းလေ့ကျင့် ဆောင်ရွက်ခဲ့ပြီး သင်တန်း တတိယနေ့တွင် မကွေးမြို့ပေါ် အခြေခံပညာ ကျောင်းများမှ ကျောင်းသားကျောင်းသူများအား အသံထွက်၍ စာဖတ်ပြခြင်းများကို လက်တွေ့ဆောင်ရွက် ပေးကြမည်ဖြစ်ကြောင်း သိရသည်။
Feb 26,2020
မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာပြန့်ပွားရေးဗဟိုအဖွဲ့ (၁) နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာမှ ကြီးမှူး၍ မကွေးတိုင်းဒေသကြီး ဓမ္မကျောင်းတော်မှ ဖွင့်လှစ်သော (တိုင်းအဆင့်) နည်းပြဆရာဖြစ် သင်တန်းဆင်းပွဲကို တောင်တွင်းကြီးမြို့နယ် သဲကောသာသနာသီရိ ကျောင်းတိုက်တွင် ယမန်နေ့ နေ့လယ် (၁)နာရီက ကျင်းပသည်။
Feb 26,2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနရုံးခန်းမ၌ ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
Feb 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ Book Club အသင်းတို့ ပူးပေါင်း၍ နိုင်ငံတော် တည်ဆောက်ရေး အမျိုးသမီးများပါဝင်ပေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေး ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ယင်းမာပင်မြို့ အမျိုးသမီးအိမ်းတွင်းမှု အသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ကျင်းပသည်။
Feb 25,2020
ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်သားပြည်သူများ ယာဉ်အန္တရာယ်မဖြစ်ပေါ်စေရေး အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် သမဝါယမ ဦးစီးဌာန ရုံးရှေ့လမ်းဆုံ လူစည်ကားရာနေရာ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊
Feb 25,2020
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင်"လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေအကြောင်းသိကောင်း စရာများ" ခေါင်းစဉ်ဖြင့် ပြည့်သူ့စကားဝိုင်းကို ဖေဖော်ဝါရီ ၂၇ရက် နံနက် ၉နာရီတွင် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။
Feb 25,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စာသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ အခြားမိတ်ဖက် ဌာနများနှင့် ပူးပေါင်း၍ မင်းဘူးမြို့ မြို့မဈေးအတွင်း စားသုံးသူအကာအကွယ်ပေးရေး အသိပညာ ပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။