နယ်ရုံးများ၏သတင်းများ

Aug 17,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန ကအခြေခံပညာ ကျောင်း များကိုအားကစားကဏ္ဍ တိုးတတ်ရေးအတွက်အားကစား ပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို ဩဂုတ် ၁၇ နာရီ နံနက် ၁၀ နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 17,2020
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ပေါင်းတည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှမြို့နယ်ဘောလုံး အားကစားကွင်းအဆင်မြှင့်တင်ခြင်း လုပ်ငန်းများကို ၂၀၂၀ ခုနှစ်ဧပြီ လမှစတင်၍ အကောင်အထည် ဖေါ်ဆောင်ရွက်လျက်ရှိရာ အပြီးသတ် လုပ်ငန်းများကို ဇူလိုင်လအတွင်းပြီး စီးနေပြီဖြစ်ကြောင်းမြို့နယ် အားကစားမှူးဒေါ်နီလာဝင်း ထံမှသိရသည်။
Aug 17,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့တွင်းရှိ အသက်(၁၈)နှစ်ပြည့်သူများကို ယနေ့နံနက်(၁၀)နာရီ က ပန်ဆိုင်း(ကြူကုတ်)မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးသည်။
Aug 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အတွက် တတိယအကြိမ်ထောက်ပံ့သောငွေများကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့ ယနေ့နံနက် (၇:၀၀) နာရီအချိန် က စတင်၍ တာဝန်ရှိသူများက ကွင်းဆင်းသွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 17,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကတ်တောင်ကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှထောက်ပံပေးအပ်သော ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဩဂုတ်လ ၁၇ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Aug 17,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ၊ လူကုန်ကူးမှု အန္တရာယ် စုပေါင်းကာကွယ်နှင့် ကိုဗစ်-၁၉ ရောဂါ မကူးစက်ရေးမိမိကစ၍ ကာကွယ်ပေး အသိပညာပေးနံရံကပ်စာစောင်များကို ပြည်သူများလာရောက်လေ့လာနိုင်ရန် ပြသပေးလျက် ရှိပါသည်။
Aug 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Face Shield နှင့် ပါးစပ်နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးမဏ္ဍပ်၌ ကျင်းပခဲ့သည်။