ဒေးဒရဲ ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး Face Shield နှင့် ပါးစပ်နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးမဏ္ဍပ်၌ ကျင်းပခဲ့သည်။
လှူဒါန်းပွဲတွင် ဒေးဒရဲမြို့နယ်အတွင်းရှိ အလှူရှင်များမှ လှူဒါန်းသည့် Bluetooth Hand Speaker (၁)လုံး၊ PPE (၁)စုံ၊ Face Shield (၅၀)ခုနှင့် ပါးစပ်နှာခေါင်းစည်းများ(၃၀၀)ခုတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး မြို့နယ်အဆင့် အထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက ပေးအပ်လှူဒါန်းခဲ့ရာ လမုကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးရီက လက်ခံရယူခဲ့သည်။
ဒေးဒရဲမြို့နယ် ကိုဗစ်-၁၉ မြို့နယ်အဆင့် အထောက်အကူပြုကော်မတီက ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့်ကျောင်း (၄၆)ကျောင်းအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြု ပစ္စည်း(၆)မျိုးစီအား ပေးအပ်လှူဒါန်းပြီးဖြစ်ကြောင်းနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုအား အထက်တန်း အဆင့်ကျောင်း (၁၄)ကျောင်းသို့ ထပ်မံလှူဒါန်းခြင်းဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ မြို့နယ်အဆင့် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောကြားခဲ့သည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)