နယ်ရုံးများ၏သတင်းများ

Feb 26,2020
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော အစိုးရနှင့် ပြည်သူများအကြား အပြန်အလှန် ဆွေးနွေး တိုင်ပင်တတ်သည့် အလေ့အထများ ပိုမို ထွန်းကားလာစေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖေဖော်ဝါရီ(၂၇) ရက်နေ့ နေ့လည် (၁)နာရီ တွင် ‘‘လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပသွားမည် ဖြစ်သည်။
Feb 26,2020
ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက (Women Club) မှ စာရေးဆရာဖေမြင့်၏ “စဉ်းစားခြင်း'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Feb 26,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ တရုတ်ပြည် ဝူဟန်မြို့မှ စတင်ဖြစ်ပွားသည့် 2019 Novel Coronavirus ​ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအားအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့ နံနက်(၁၁)နာရီက ဆောင်ရွက်လျက်ရှိသည်။
Feb 26,2020
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက နမ့်လစ်ကျေးရွာအုပ်စု လွယ်ဆိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
Feb 26,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီ က မြစ်သားမြို့နယ် တမာပင်ကျေးရွာအုပ်စု၊ တမာပင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျင်းပ ပြုလုပ်သည်။
Feb 26,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် “ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် သတိပြုကာကွယ်” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
Feb 26,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာရေးဆရာအောင်သစ်၏ “မိမိဘဝ မိမိထူထောင်” အောင်မြင်ရေးစာအုပ်ဖြင့် ယနေ့ နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
Feb 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ကျေးလက်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သော "ကျေးလက်ဒေသ ဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ တာတွင်းကျောင်းဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။