နယ်ရုံးများ၏သတင်းများ

Aug 17,2020
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ယူနိုက်တက်အမရဘဏ် (၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အခြေခံလူတန်းစား အိမ်ထောင်စုများအား ဆန်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီ က အဆိုပါဘဏ်ရှေ့မျက်နှာစာတွင် ကျင်းပဆောင်ရွက်သည်။
Aug 17,2020
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နမ့်ဟူးကျေးရွာရှိ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ် လေးဆူသည် ယခုနှစ်(၁၃၈၂ ခုနှစ်)တွင် အင်းလေးဒေသ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီပူဇော်ခံခြင်း မပြုကြောင်း သိရသည်။
Aug 17,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရပ်ကွက်(၁)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စုများအား ဒုတိယအကြိမ် ငွေကြေးထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၉:၃၀)နာရီအချိန် က ပင်လုံမြို့ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 16,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာပေချစ်သူများအသင်းကစာရေးဆရာအောင်သင်း၏ ရည်မှန်းချက်နှင့် ပြဿနာအထွေထွေစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်(၁၁)နာရီက ပြုလုပ်ခဲ့သည်။
Aug 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နိုင်‌ငံတော်မှကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား စတုတ္ထအကြိမ်တစ်အိမ် ထောင်လျှင် ငွေကျပ်(၂၀၀၀၀)ကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကွက်ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် တာဝန်ရှိသူတို့က လက်ဝယ်အရောက်ပေးအပ်ကြောင်းသိရသည်။
Aug 16,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်
Aug 15,2020
ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အရာတော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီ က ကျင်းပသည်။