ပေါင်းတည်မြို့နယ်တွင်  မြို့နယ်ဘောလုံးကွင်းအား အဆင့်မြှင်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ပေါင်းတည်        သြဂုတ်      ၁၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဘောလုံး အားကစားကွင်း အဆင်မြှင့်တင်ခြင်း လုပ်ငန်းများကို ၂၀၂၀ ခုနှစ်ဧပြီ လမှစတင်၍ အကောင်အထည် ဖေါ်ဆောင်ရွက်လျက်ရှိရာ အပြီးသတ် လုပ်ငန်းများကို ဇူလိုင်လအတွင်းပြီး စီးနေပြီဖြစ်ကြောင်းမြို့နယ် အားကစားမှူးဒေါ်နီလာဝင်း ထံမှသိရသည်။

အဆိုပါမြို့နယ် အားကစားဘောလုံးကွင်း၏ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ တိုင်းဒေသကြီး ချထားရန်ပုံငွေ ၁၆.၄သန်းဖြင့် အားကစားကွင်းပြေး လမ်းဖောက်လုပ်ခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းအား မြတ်ရတီ ခိုင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကွင်း​ပတ်လမ်းခြံစည်းရိုး ကာရန် လုပ်ငန်းကိုပါတစ်ပါတည်း ဆောင်ရွက်ပြီးစီးကြောင်းသိရှိရသည်။

အဆိုပါမြို့နယ် အားကစား ဘောလုံးကွင်းတည်ဆောက်ရေး လုပ်ငန်းများပြီးစီးနေမှုအပေါ် ဒေသခံအားကစား ဝါသနာရှင်များက သွားရောက် လေ့ကျင့်လိုသော်လည်း မိုးရာသီဖြစ်၍ လည်းကောင်း၊ ယခုအခါ မြို့နယ်အဆင့်နှင့်မြို့နယ် ဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲများ ကျင်းပပေးနိင်ရန်  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးမူဘောင် သတ်မှတ်အရ စည်းကမ်းချက်များနှင့် အညီကွင်းအတွင်း ကစားခွင့်နှင့် ပြိုင်ပွဲများ ကျင်းပခွင့် မရရှိသေးကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဖြေလျှော့ပေးမှု့များအပေါ်မူတည်၍ တာဝန်ရှိသူများမှ ကစားနည်းများ ဆောင်ရွက် နိုင်ရန် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်