ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ အခြေခံပညာကျောင်းများတွင် အားကစားကဏ္ဍတိုးတက်ရေးအတွက် အားကစားပစ္စည်းများပေးအပ်လှူဒါန်း

မင်းလှ(အောက်) ဩဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနက အခြေခံပညာ ကျောင်းများကို အားကစားကဏ္ဍ တိုးတက်ရေးအတွက်အားကစား ပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို ဩဂုတ် ၁၇ နာရီ နံနက် ၁၀ နာရီချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးအောင်အောင်က ကျောင်းသား ကျောင်းသူများ ကျောင်းစာအပြင် စိတ်လည်းပျော်ရွင်မူ ဖြစ်အောင်၊ ကျန်းမားရေး ကောင်းမွန်အောင်၊ ပညာရေးမြှင့်မားလာ၍ ကျန်းမာကြံခိုင်ပြီး အားကစားကဏ္ဍတိုးတတ်အောင်ဆောင် ရွက် စေလိုကြောင်း၊ မျိုးဆက်သစ် ကစား သမားများ ပေါ်ထွက်လာ စေရန်အတွက်ဝိုင်းဝန်းဆောင်ရွက်စေလိုကြောင်းပြောကြားသည်။

ထိုနောက် ကျောင်းစာအပြင်အားကစားများ လေ့ကျင့်ပြုလုပ်နိုင်စေရန်အတွက် အခြေခံပညာကျောင်း (၁၀)ကျောင်း အတွက် တစ်ကျောင်းလျှင် ဘောလုံး (၂) လုံး၊ ဘောလီဘော(၁) လုံး၊ ပိုက်ကျော်ခြင်းလုံး (၁)လုံးနူန်းဖြင့်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အားကစားနှင့် ကာယ ပညာဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး၊ မြို့နယ်အုပ်ချုပ်ရေးမှုး၊မြို့နယ်အား ကစားမှုးတို့က တာဝန်ရှိသူများထံအ သီးသီး ထောက်ပံပေးအပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။

ပေါက်စ (မင်းလှ)