နယ်ရုံးများ၏သတင်းများ

Mar 09,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ပြိုင်ပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ‌ခြင်းကို ယမန်နေ့ နေ့လယ် (၁၂) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
Mar 09,2024
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက်ပိုင်းအချိန်က ဓာတ်ပုံဗီဒီယိုရိုက်ကူးနည်းသင်တန်းနှင့် အခြေခံပုံတူပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်အားပေးခဲ့သည်။
Mar 09,2024
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က အခြေခံတရုတ်စကား‌ပြော အခမဲ့သင်တန်းဖွင့်ပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်က အဖွင့်အမှာစကားပြောကြားသည်။
Mar 09,2024
ကျိုက်မရောမြို့နယ် လူထူအခြေပြုဗဟိုဌာန၌ အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
Mar 09,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
Mar 09,2024
ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 08,2024
ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန်ရည်ရွယ်၍ (အခမဲ့)ပန်းအလှဆင်သင်တန်းနှင့် (အခမဲ့) အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ မတ်လ ၇ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Mar 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများထံ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။