ကျောက်တံခါး ဇူလိုင် ၁၂
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာမခင်စောတင့်ရေးသားသည့် "စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်စန္ဒာဝင်းက "စွန့်စားမှုဆီသို့ ခြေတစ်လှမ်း" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဒေါ်တင်တင်စိုးက "ရှုမဆုံးတော့သည်"၊ ဒေါ်ဇင်မာထွေးက "စကားပြောဖို့ ခလုတ်နှိပ်ပါ" ဒေါ်ဖြူဖြူထွေးက "ကျွန်မအမေ ကျွန်မဆရာမ" စသည့် ခေါင်းစဥ်များဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက လူငယ်များအနေဖြင့် အမှားအမှန်ကိုဝေဖန်ပိုင်းခြားတက်စေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတက်စေရန် မိမိတို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူ (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ လူငယ်များအား အသိပညာပေး နှိုးဆော်ပေးစေလိုကြောင်း ရှင်းလင်းဆွေးနွေးကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)