နယ်ရုံးများ၏သတင်းများ

Aug 14,2020
ပုသိမ်ခရိုင်​ ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲမှ ခရိုင်အတွင်းရှိ နိုင်ငံ​ရေးပါတီများမှ ကိုယ်စားလှယ်​လောင်းများ အမည်စာရင်းတင်သွင်းမှု စိစစ်ခြင်းကို စတုတ္ထ​နေ့အဖြစ် ယ​နေ့ နံနက် ၉ နာရီခွဲတွင် ခရိုင်​ကော်မရှင်ရုံး အစည်းအ​ဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်သည်။
Aug 14,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ် စာစောင် ချစ်မြတ်နိုးသူများ အသင်း Book Club နှင့်
Aug 14,2020
ကိုဗစ် - ၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှုအပေါ် ပြန်လည်ကုစားရန်အတွက် (COVID-19 Economic Relief Plan – CERP) အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ Cash For Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေဖြင့် ‌ ဖျာပုံ​မြို့နယ်အတွင်းရှိ ကျွန်းပတ်တာ(၇)ခုနှင့် ဒေးဒရဲမြို့နယ်အတွင်းရှိ ပင်လယ်ရေကာတာ(၃)ခုအား တာတမံတောင့်တင်း ခိုင်မာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 14,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သူဌေးကွင်း-ပုဂံတောင်-ဖားကူး-မောင်းမ လမ်းဖောက် လုပ်ရာတွင်ပါဝင် သွားသော လယ်ယာမြေများအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန-ခရိုင်လမ်းဦးစီးဌာနမှ လျော်ကြေးငွေပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီတွင် သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
Aug 14,2020
ရန်ကုန်တောင်ပိုင်းခရိုင်ကော့မှူးမြို့နယ်အတွင်း ပုံမှန်ဝင်‌‌ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် ဒုတိယအကြိမ် ထောက်ပံ့ငွေများအား အိမ်တိုင်ရာ‌ ရောက် ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ၃နာ ရီက မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
Aug 14,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ဗန်းမော်−မြစ်ကြီးနား−လွယ်ဂျယ်သွား လမ်းဆုံ ကျောက်တိုင်၌ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 13,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ မြို့ပေါ်(၄)ရပ်ကွက်နှင့် တပ်နယ်များရှိ အသက် (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်(အေ) တိုက်ကျွေးခြင်းနှင့် အသက်(၂) နှစ်နှင့် (၅) နှစ်အတွင်း ကလေးငယ်များအား သန်ချဆေးတိုက်ကျွေးခြင်း အစီအစဉ်ကို ဩဂုတ်လ (၁၂) ရက်နေ့နှင့် (၁၃) ရက်နေ့ နံနက်ပိုင်းတို့တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
Aug 13,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပါသည်။