နယ်ရုံးများ၏သတင်းများ

Aug 11,2020
စစ်ကိုင်းမြို့နယ် ဝဲလောင်ရွာရှိ Royal Heart ခွေးချစ်သူများအဖွဲ့မှ တိရစာ္ဆန်ဆေးကုဆရာဝန် ဒေါက်တာကျော်ရန်နိုင်ထွန်းနှင့် အဖွဲ့တို့သည် ကျောက်မဲမြို့အတွင်းရှိ ခွေးလေခွေးလွင့်များနှင့် ကြောင်များအား သားကြောဖြတ်ပေးခြင်း၊ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးပေးခြင်းနှင့် ဝဲရောဂါများ ကုသပေးခြင်းတို့ကို ကျောက်မဲပြည်သူ့ဆေးရုံကြီးအတွင်း၌ ယနေ့မှ စ၍ ၅ ရက်ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများအား ပြသဆောင်ရွက်ကြောင်း သိရသည်။
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူကျောင်းများတွင် သင်ကြားပို့ချလျက်ရှိသော ဆရာ/မ များအား PPE ဝတ်စုံဝတ်နည်းနှင့် ပိုးသတ်ဆေးဖျော်စပ်နည်းသင်တန်းကို ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က အ.ထ.က (၂) ပုဇွန်တောင်ကျောင်းတွင် သင်ကြားပို့ချခဲ့ကြောင်းသိရှိရသည်။
Aug 11,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဇူလိုင်လ ၂၅ ရက်မှစတင်၍ ပထမအကြိမ် ထုတ်ပြန်ကြေငြာထားပေးရာ ယနေ့အထိ မဲစာရင်း လာရောက်ကြည့်ရှုသူ ဦးရေ ၅၀၀၀ ဦးခန့်ရှိပြီး လာရောက်လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ ၁၀၀၈ ဦး ရှိကြောင်း သိရသည်။
Aug 11,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ စက်မှုလယ်ယာဦးစီးဌာန အစည်းအဝေးခန်းမတွင် တောင်သူလယ်သမားများလယ်ယာသုံး စက်ကရိယာများစနစ်တကျ ကိုင်တွယ်အသုံးပြုတက်စေရန်ရည်ရွယ်၍ (၁/၂၀၂၀) လယ်ယာသုံးစက်ကရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံ သင်တန်းဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁၁ ရက်နေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
Aug 11,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင် စာရင်းများကို ဩဂုတ်လ ၉ ရက်နေ့မှစ၍ ပညာရေးဝန်ကြီးဌာန အွန်လိုင်း ဝက်ဘ်ဆိုက်များမှ ထုတ်ပြန်ကြေ ညာခဲ့ပြီး ယမန်နေ့နံနက်ပိုင်းမှစတင်ကာ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရသည်။