နယ်ရုံးများ၏သတင်းများ

Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေ ချစ်မြတ်နိုးသူများ၊ စာကြည့်တိုက်အသင်းဝင် များ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းက စာရေးဆရာ အောင်သင်းရေးသားသော “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ဖြင့် လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
Aug 21,2020
ရေကြည်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးအပေါ် ထိခိုက်မှုသက်သာရေး စီမံချက်(CERP)အရ တိရစ္ဆာန်မွေးမြူရေးထုတ်လုပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသိပညာပေး သင်တန်းအဖြစ် ကြက်မွေးမြူရေးသင်တန်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်တွင် သစ်ငုတ္တထောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Aug 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ယနေ့ နံနက် ၈ နာရီမှ ၁၁နာရီအထိ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Aug 21,2020
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် မဲရုံပြင်ဆင်ထားရှိမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးသန်းဆွေ ဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Aug 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း ကိုဗစ် - ၁၉ မဖြစ်ပေါ်စေရေးနှင့် ပြည်သူများအနေဖြင့် သတိပြုလိုက်နာနိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် သတင်း ပြန်ကြားရေးကော်မတီက ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြသည်။
Aug 21,2020
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ငွေဆောင်ကမ်းခြေကို အမှီပြုလုပ်ကိုင်နေထိုင်ကြသော အခြေခံလူတန်းစားများဖြစ်သော ခေါင်းရွက် ဗျက်ထိုးဈေးသည်များ၊ အနှေးယာဉ် လုပ်သားများ၊ ဆိုင်ကယ်ကယ်ရီ မောင်းသမားများ၊ လက်လုပ်လက်စား လုပ်သားများအား COVID-19 Relief Package (1) သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ငွေဆောင်ကမ်းခြေ၊ ယမုံနာဦးဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 21,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသထားလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
Aug 21,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ရောဂါကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် လက်သန့် ဆေးရည် (Hand Sanitizer) (၁၀၀ ML)ဘူးများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံ၊ အ.ထ.က(ထန်းတပင်)၊ အ.ထ.က (ခွဲ) အတွင်း ရေကျော်နှင့် အ.ထ.က(ခွဲ)အုတ်ဖို ကျောင်းများတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။