နယ်ရုံးများ၏သတင်းများ

Aug 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးခွင့်ဆုံးရှုံးမှု မရှိစေရန်နှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရန် တာဝန်ရှိသူများ ယနေ့နံနက်ပိုင်း က လာရောက်ကွင်းဆင်း စစ်ဆေးသည်။
Aug 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ တည်းခိုခန်း များနှင့် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများမှ ယနေ့ မွန်းလွဲ ၁ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့​ကြောင်းသိရသည်။
Aug 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရုံးတွင် " လူသားအချင်းချင်းစာနာလို လူကုန်ကူးမှု တိုက်ဖျက်စို့ "ဆောင်ပုဒ်နှင့်အညီ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယ​နေ့ နံနက်ပိုင်းမှ စတင်၍ ဦးစီးဌာနရုံး​ရှေ့တွင် ပြသထားရာ ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
Aug 21,2020
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club)အသင်းက စာရေးဆရာဖေမြင့် ရေးသားသော "တန်ဖိုးထားအပ်သောအရာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
Aug 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၂၀၂၀ ပြည့်နှစ်၊ လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို၊ ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာ တန်ဆောင်ခန်းမ၌ ယ​နေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
Aug 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြောင်းမြခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Aug 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကြေညာပြီးနောက် လာရောက်လျှောက်ထားသူ၊ ကန့်ကွက်သူ၊ ပြင်ဆင်သူများ၏ မဲဆန္ဒရှင်စာရင်းများကို ပြန်လည်ပြင်ဆင်ဖြည့်စွက် ပြုစုခြင်းလုပ်ငန်းများကို ဩဂုတ်လ ၁၇ ရက် နေ့မှ စတင်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။