နယ်ရုံးများ၏သတင်းများ

Mar 18,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်၊ ရုံးရှေ့မြေစိုက်ဘုတ်တွင် ပညာပေးစာစောင်များကပ်ခြင်းနှင့် စာကြည့်တိုက်လာသူများ လက်သန့်စင်မှုပြုလုပ်နိုင်စေရန် လက်ဆေးရေများကိုလည်း အဆင်သင့်ထားရှိပေးထားကြောင်းသိရသည်။
Mar 18,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ပြည်သူ့ စာကြည့်တိုက်သို့ စာလာဖတ်သူ၊ စာလာငှားသူများအား ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Mar 18,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ပြည်သူ့ စာကြည့်တိုက်သို့ စာလာဖတ်သူ၊ စာလာငှားသူများအား ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Mar 18,2020
မန္တလေးတိုင်းဒေသကြီး၊ကျောက်ပန်းတောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ (COVID-19)ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်၊ ရုံးရှေ့ မြေစိုက်ဘုတ်တွင် ပညာပေးစာစောင်များကပ်ခြင်းနှင့် စာကြည့်တိုက်လာသူများ လက်သန့်စင်မှုပြုလုပ်နိုင်စေရန် လက်ဆေးရေ များကိုလည်း အစဉ်သင့်ထားရှိပေးထားကြောင်းသိရသည်။
Mar 18,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့လာ​ရောက်သည့် စာဖတ်သူ၊ စာငှားသူများအား ယမန်နေ့ နံနက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်ပါ ကြိုတင်ကာကွယ်ရန် နည်းလမ်းများကို ခရိုင် ပြန်ဆက်ဦးစီးအရာရှိ ​ဒေါ်သိမ့်ဝါ က ရှင်းလင်းပြောကြားခဲ့​ပြီး ရောဂါကြိုတင်ကာကွယ်သည့်အ​နေဖြင့် စနစ်တကျ လက်​ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Mar 16,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် စာကြည့်တိုက်သို့ လာရောက်သော ကျောင်းသား/ သူများအား ကိုရိုနာဗိုင်းရပ်(စ်) အန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်၊ ကိုရိုနာဗိုင်းရပ်(စ်) အန္တရာယ်အား ကြိုတင်ကာကွယ် နိုင်ကြစေရန် ရည်ရွယ်ချက်များဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓါတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။
Mar 16,2020
ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ ပြည်သူ့စာကြည့်တိုက် (Community Center) တွင် COVID-19 ကိုရိုနာဗိုင်းရပ်(စ်) အသိပညာပေးနှင့် လက်ဆေးနည်းသရုပ်ပြခြင်းများအား ယနေ့ နံနက် (၁၀) နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
Mar 16,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊နမ့်တောင်း-မုံးပေါ်- မုံးကိုး- ဖောင်းဆိုင်လမ်းတွင် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်းများကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကိန်မိုင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအယ်လ်စိုးထန်တူး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့် မြင့်ဦး၊ မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးကျော်ကျော်မိုးနှင့် တာဝန်ရှိသူတို့က သွားရောက်ကွင်းဆင်းစစ်ဆေးသည်။