အောင်မြေသာစံမြို့နယ်တွင် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

မန္တလေး ဩဂုတ် ၂၃

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၁၉လမ်း၊ ၅၇လမ်းနှင့် ၅၈လမ်းကြားတွင် ယမန်နေ့နံနက် ၉နာရီခွဲက နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာမှု မရှိသော လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးခြင်းကို အောင်မြေသာစံမြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးမှ ဒုတိယအုပ်ချုပ်ရေးမှူး ဒေါ်ရည်မွန်နှင့် ဝန်ထမ်းများ၊ အနှိပ်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် ရာအိမ်မှူးများက ပူးပေါင်း၍ လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask) အခု(၅၀၀)ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)