နယ်ရုံးများ၏သတင်းများ

Mar 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်အတွင်းရှိ ဈေးများ၊ ကားမှတ်တိုင်များ စသည့် လူစည်ကားရာနေရာများတွင် ပြည်သူများထံသို့ ကိုရိုနာဗိုင်းရပ်စ် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် (၁၁) နာရီ ခွဲအချိန်က လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 19,2020
စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့် ငွေလုံးငွေရင်းလုပ်ငန်းများအနက် အမှတ်(၁)စံပြရပ်ကွက်၊ ပုန်းညက်လမ်းအား ကွန်ကရစ်လမ်းခင်းကျင်းနေခြင်းအား ယနေ့ နံနက် (၁၀ ) နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
Mar 19,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့မှစတင်၍ စာကြည့်တိုက်အတွင်းသို့ ဝင်ရောက်လာမည့် စာပေဝါသနာရှင်များနှင့် ကလေးငယ်များအား လက်ဆေးခြင်းများဆောင်ရွက်နိုင်ရန်စီစဉ်ထားရှိ‌ကြောင်း သိရသည်။
Mar 19,2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID 19)ကြိုတင်ကာကွယ်ရေး အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။
Mar 19,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက် ၁၀ နာရီတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် စနစ်တကျလက်ဆေးနည်းများ ပြသဆောင်ရွက်ခဲ့သည်။
Mar 19,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်/စာစောင် လာရောက်ငှားရမ်းသူများအား ယနေ့နံနက် ၉ နာရီအချိန်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်ပါ ကြိုတင်ကာကွယ်ရန် နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန် အချက်များကို မြို့ဦးစီးမှူး ဒေါ်အေးအေးနွဲ့က ရှင်းလင်း ပြောကြားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်သည့် နည်းလမ်းအနေဖြင့် စနစ်တကျ လက်ဆေးခြင်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Mar 19,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများလတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ (COVID-19) ကူးစက်ခြင်း မခံရစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်ဘုတ်တွင် သင်နှင့်သင့်မိသားစု ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်မှ ကာကွယ်ပါ ခေါင်းစဉ်ဖြင့် အသိပညာပေး ပိုစတာနှင့်စာစောင်များကို ယနေ့နံနက်ပိုင်းတွင် ပြသဆောင်ရွက် ထားရှိကြောင်း သိရသည်။
Mar 19,2020
ရန်ကုန်တိုင်းဒေသကြီ၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေသည့် ကိုရိုနာ ဗိုင်းရပ်စ် Covid-2019 ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီတွင် လမ်းဆုံလူစည်ကားရာ နေရာများ၊ အောင်စည်းစိမ်လက်ဖက်ရည်ဆိုင်နှင့် ဌာနဆိုင်ရာများသို့ ဖြန့်ဝေပေးကြောင်းသိရသည်။