နယ်ရုံးများ၏သတင်းများ

Mar 20,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်၌ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန် အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ယနေ့နံနက်မှစ၍ စာကြည့်တိုက်သို့ လာရောက်မည့် စာဖတ်ဝါသနာရှင်များ၊ စာအုပ်ငှါးရမ်းသူများနှင့် ကလေးငယ်များတို့ကို လက်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
Mar 20,2020
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပွားလျက်ရှိပြီး (COVID-19) ရောဂါ ကူးစက်ပျံ့နှံ့မှုအန္တရာယ်ကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
Mar 20,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီတွင် လူစည်ကားရာ ကားမှတ်တိုင်များတွင် လက်သန့်ဆေးဘူးများနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။
Mar 20,2020
ရန်ကုန်တိုင်း​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများလတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခြင်း မခံရစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်ဘုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ပါ အသိပညာပေး ပိုစတာနှင့်စာစောင်များကို ယမန် နေ့ နံနက် ၁၀ နာရီက ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
Mar 20,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အများပြည်သူများနှင့် ကလေးငယ်များအား တိုင်းရင်းသားစာပေများ လေ့လာဖတ်ရှုနိုင်ရန် နှင့် တိုင်းရင်းသားကလေးငယ်များ မိခင်ဘာသာစကားတတ်မြောက်မှု ရင်းနှီးကျွမ်းဝင်မှု မြင့်မားလာစေရန် မြန်မာ စာပေနှင့် မြန်မာစကားလေ့လာရာတွင် အထောက်အကူပြုစေရန် အတွက် UNICEF မြန်မာမှ တိုင်းရင်းသားဘာသာ ပုံပြင်စာအုပ်များ လာရောက်လှူဒါန်းပေးထားကြောင်း သိရသည်။
Mar 20,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီက စတင်၍ စာကြည့်တိုက်သို့ လာရောက်သူတိုင်း လက်ဆေးနိုင်ရန် လက်ဆေးဆပ်ပြာရည်နှင့် ရေများထားရှိဆောင်ရွက်ပေးလျက်ရှိသည်။
Mar 19,2020
တာချီလိတ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၅ ရက်နေ့၌ ကျင်းပရန်စီစဉ်ထားသည့် အလုပ်အကိုင်ပြပွဲကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
Mar 19,2020
ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်သို့ စာပေဒါနအဖြစ် အလှူငွေကျပ်သိန်း (၁၀) သိန်းကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ပေးအပ်လှူဒါန်းသည်။