နယ်ရုံးများ၏သတင်းများ

Aug 13,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
Aug 13,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ဝန်ထမ်းများ ဌာန၏လုပ်ငန်းတာဝန်များကို နားလည်တတ်မြောက်စေရန်ရည်ရွယ်၍ သတင်းရေးသားနည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်သင်ကြားပို့ချခဲ့သည်။
Aug 13,2024
ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဖြစ်သော အသိပညာပေးဟောပြောပွဲ၊  နံရံကပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(ရွှေကြို့ပင်)၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 13,2024
မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိ ဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂) ဆောင် ဆောက်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိ ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Aug 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ ယနေ့နေ့လယ် (၁) နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ဇေရတု (မြန်မာပြန်) ရေးသားသည့် “ချစ်ခြင်း‌မေတ္တာနှင့်‌ခေါင်းဆောင်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  (Community  Centre)  ခန်းမ၌ ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်ကို  ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြသဆောင်ရွက်ခဲ့သည်။
Aug 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေး ဟောပြောပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 12,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်သည်။