မိုင်းငေါ့ စက်တင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများအား ယနေ့နံနက် (၁၁) နာရီ အချိန်ခန့် က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဈေးရောင်သူ၊ ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား Mask နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ဈေးရောင်းဈေးဝယ် ပြုလုပ်ရာတွင် Mask နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ကြရန်၊ မလိုအပ်ပဲနေအိမ်ပြင်ပသို့ မထွက်ကြရန်၊ နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း Mask နှာခေါင်းစည်းများ တပ်ဆင်ပြီးမှထွက်ကြရန်နှင့် လက်ကိုစနစ်တကျ ဆေးကြောရန်စသည့် အသိပညာပေးခြင်း များကိုလည်း ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်ခြင်းတွင် မိုင်းငေါ့မြို့ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်ချမ်းငြိမ်း (မြို့နယ်ခွဲတာဝန်ခံ)နှင့် ဝန်ထမ်းများ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ Mask နှာခေါင်းစည်းအခု(၁၅၀) ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)