နယ်ရုံးများ၏သတင်းများ

Sep 19,2024
ပြည်မြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲ ထိခိုက်ပျက်စီးခဲ့သော ရွာဘဲရပ်ကွက်မှ နေအိမ်(၃)လုံးနှင့် အရှေ့ပေါက်တောကျေးရွာမှ နေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး‌ ထောက်ပံ့ငွေအပါအဝင် ကယ်ဆယ်‌ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများအဖွဲ့က စက်တက်ဘာ ယမန်နေ့မွန်းလွဲ ၁နာရီခွဲအချိန်က အဆိုပါ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Sep 19,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အ.ထ.က (ညောင်ကုန်း)ကျောင်း၌ ကျင်းပသည်။
Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသားကျောင်းသူလေးများ အသိပညာ ဗဟုသုတ တိုးပွား​စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့​နံနက် ၁၀ နာရီကကျင်း ပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ အသိပညာဗဟုသုတများ ရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ရရှိစေရေးအတွက်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲက ဝဲဒေါင့်ကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီ၊ မြို့နယ်အမျိုးသမီးကော်မတီနှင့် မြို့နယ်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအပါအဝင် ကော်မတီ(၃)ခု၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး (Oral Cholera Vaccine)တုံ့ပြန်တိုက် ကျွေးခြင်း လုပ်ငန်းအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 19,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများ ဟောပြော‌ဆွေးနွေး ပို့ချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က(မိုးညို)သရဖူခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 19,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန် မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့၊ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နဝ‌ဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။