ပေါက်ခေါင်းမြို့နယ်တွင် ကော်မတီ(၃)ခု လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပေါက်ခေါင်း  စက်တင်ဘာ  ၁၉

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီ၊ မြို့နယ်အမျိုးသမီးကော်မတီနှင့် မြို့နယ်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအပါအဝင် ကော်မတီ(၃)ခု၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစွာမြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဖြိုးသူမောင်က ကော်မတီ(၃)ခုနှင့် ပက်သက်၍ အဖွင့်အမှာစကားပြောသည်။ ဆက်လက်၍ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးမှ ကော်မတီများဖွဲ့စည်းထားမှု၊ သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ရည်ရွယ်ချက်၊ အခွင့်အရေးများ၊ ဖြစ်ရပ်စီမံခန့်ခွဲမှုကလေးသူငယ်မွေးစားခြင်း၊ အသိပညာပေး ဆောင်ရွက်မှုများအကြောင်းနှင့် အမျိုးသမီးကော်မတီနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီများ၏ လုပ်ငန်းတာဝန်များ၊ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်နေရာချထားရေးနှင့် နောက်ဆက်တွဲ စောင့်ရှောက်ရေးအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက်တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများ၏ အားသာချက်၊အားနည်းချက်နှင့်အကြံပြုချက်များကို အသီးသီးပြန်လည်ပြော ကြားခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)