နယ်ရုံးများ၏သတင်းများ

May 06,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလ၌ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာစီစာကုံးရေးသားရာတွင် အခြေခံကျကျ ရေးသားတတ်စေရန်ရည်ရွယ်၍ စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre )ခန်းမ၌ စတင်ဖွင့်လှစ်ခဲ့သည်။
May 06,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ တရုတ်စကားပြော၊ ကိုရီးယားစကားပြော၊ စစ်တုရင်နှင့် ပန်းချီသင်တန်းဆင်းပွဲကို ယနေ့နံနက် (၉) နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။
May 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ်ပိုင်းတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စာရေးဆရာဖေမြင့်ရေးသားသော ‟ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်”စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြသည်။
May 04,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွိုင်လင်ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန ခန်းမတွင်ကျင်းပပါသည်
May 04,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း( Book Club)နှင့်ပူးပေါင်း၍ အခြေခံကဗျာရေးနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
May 04,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ကြီးမှူးဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၄)ဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီက (Community Centre) ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
May 04,2024
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီ၊ ကာတွန်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။