ဖြူး စက်တင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ အသိပညာဗဟုသုတများ ရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ရရှိစေရေးအတွက်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက် (၉)နာရီခွဲက ဝဲဒေါင့်ကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နှင့် အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန ဦးစီးအရာရှိ ဒေါ်အိ မာဟိန်းက လူကုန်ကူးမှုတားဆီကာကွယ်ရေးဆိုင်ရာများ၊ စာဖတ်ခြင်းအကျိုးကျေးဇူးများကို အသိ ပညာပေးဟောပြောသည်။ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများက KG တန်း၊ မူလတန်းအရွယ်ကလေးငယ်များအား ပုံပြင်ပြောအစီအစဉ်များ ဆောင်ရွက်ပေးခြင်း၊ သုံးဘီးဆိုင်ကယ်ဖြင့် ကလေးစာပေများအား ဖတ်ရှုစေခြင်း၊ သဘာဝဘေး ဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များ ပြသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)