နယ်ရုံးများ၏သတင်းများ

May 04,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် များကြုံတွေ့လာပါက မိမိတို့ကိုယ်တိုင်ပါဝင်ကူညီဆောင်ရွက်တတ်စေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်၍အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
May 04,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်းဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
May 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေချစ်မြတ်နိုးသူများပါဝင်သည့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဥ်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၁ နာရီအချိန်က စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်၏ သူ့ကျွန်မခံပြီစာအုပ်ဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
May 03,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အင်္ဂလိပ်စာဘာသာရပ်ကို အခြေခံမှစ၍ ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းကို မေလ (၁) ရက်နေ့ နေ့လယ် ၁ နာရီအချိန်မှစ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ သင်တန်းတွင် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတို့အား အင်္ဂလိပ်စာဆရာ ဦးအောင်ကျော်ဆန်းမှ အခြေခံအင်္ဂလိပ်စာသဒ္ဒါ၊ အခြေခံအင်္ဂလိပ်စကားပြောတို့အား ကျောင်းသား၊ ကျောင်းသူများ စနစ်တကျရေးဖွဲ့ပြောဆိုတတ်စေရန် သင်ကြားပေးလျက်ရှိပြီး၊ သင်ခန်းစာများကို မေ ၁၀ ရက်နေ့အထိ နေ့စဉ် နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
Apr 30,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နွေရာသီအားလပ်ရက်၌ ပြင်ပဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသားလူငယ်များအနေဖြင့် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ များပြားလာကြောင်း သိရသည်။
Apr 28,2024
မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ စီစဥ်ညွှန်ကြားမှုဖြင့် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများက ချောင်းနက်(အရှေ့၊ အနောက်)ကျေးရွာများတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က မျက်စိတိမ်ရောဂါ ကင်းစင်ပပျောက်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Apr 27,2024
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း၊ ကျောင်းသားကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် အသိပညာအတတ်ပညာများ ဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံအင်္ဂလိပ်စာ သင်တန်း (အခမဲ့) ဖွင့်လှစ်လျက်ရှိရာ ယနေ့မွန်းတည့် (၁၂) နာရီအချိန်က သင်တန်းဆင်းပွဲ ကျင်းပသည်။
Apr 27,2024
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဗဟုသုတ ကြွယ်ဝစေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောခြင်း၊ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များပြသခြင်းနှင့် စာအုပ်စာစောင်များပြသပေးခြင်း အစီအစဥ်ကို ယမန်နေ့နံနက် ၉ နာရီက ပြည်မြို့၊ ပန်းဘဲတန်းမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။