နယ်ရုံးများ၏သတင်းများ

Jan 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေ ရှိစေရန် ရည်ရွယ်၍ Book Club ၊ Youth Club အဖွဲ့ဝင်များက စာရေးဆရာအောင်သင်း၏ ရည်မှန်းချက် ပြဿနာ အထွေထွေစာအုပ်အား ယနေ့နံနက် ၁၀ နာရီက သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 26,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့   အကြိုအထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့ကြကြောင်း သိရသည်။
Jan 26,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မိဘပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron) ရောဂါပိုးများကို သတိပြုအ‌လေးနက်ထားကြိုတင်ကာကွယ်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က (၇၅)နှစ်‌မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို) မူလတန်းအဆင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ကျင်းပ ြုလုပ် ခဲ့ပါသည်။
Jan 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကမ္ဘာ့တဝန်းလုံးတွင်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် (Omicron)ရောဂါအကြောင်း ကြိုတင်ကာကွယ်နိုင်ရန် အတွက် အိုမီခရွန်ရောဂါအကြောင်း  ဆိုင်ရာအသိပညာပေး (Talk   Show) ကို ယမန်နေ့ နံနက်(၁၀)နာရီက သံတောင်ကြီးမြို့ လူထုအခြေပြု ဗဟိုဌာန (Community   Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 26,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက ကျိုက်ဒုံမြို့အမှတ်(၃) ရပ်ကွက်၌ ဒေသနေပြည်သူများအား ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန် (omicron) ရောဂါပိုးများကို သတိပြုကာ ကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Jan 26,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ အားကစားဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီက ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပ ပြုလုပ်ခဲ့သည်။