နယ်ရုံးများ၏သတင်းများ

Mar 12,2022
တပ်မတော်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၁၀ နာရီက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
Mar 12,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက ဝမ်းတွင်းမြို့မရဲစခန်းတွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
Mar 12,2022
ယခုအခါ ပူပြင်းခြောက်သွေ့သော အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မီးဘေး အန္တရာယ် မဖြစ်စေရေးအတွက် ယမန် နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ကာ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Mar 12,2022
ရှှမ်းပြည်နယ် (မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် (Youth Club )တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ နေ့လယ်(၂:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့နှင့်ကျေးရွာအုပ်စုများရှိ ပြည်သူများ ကာကွယ်ဆေးထိုးသူ မကျန်ရှိ စေရေးအတွက် မြို့နယ်တာဝန်ရှိသူများမှ ယမန်နေ့ကသဲဖြူကျေးရွာ အုပ်စုရှိ ဆေးထိုးစုရပ်အား ကွင်းဆင်းကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 12,2022
ကျိုက်ထိုမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်ကာယပညာဦးစီးဌာနတို့ပူး‌ ပေါင်း ၍ (၄၈)နှစ်မြောက် မွန်ပြည်နယ်‌နေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို မတ်လ ၉ ရက် နေ့မှ (၁၁)ရက်နေ့ထိ ကျိုက်ထိုမြို့နယ် အောင်ဆန်းအားကစားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Mar 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေး အသင်းကိုဗစ်ကုသရေးစင်တာသို့ ယမန်နေ့က ငွေရည်ပုလဲကုမ္ပဏီအုပ်စုမှ PPE-၇၅ထည် ၊ Mask ၃၀၀၀ခု ၊ လက်အိတ် ၂ ဘူး ၊ ဆေးဖျန်းအရည် (20 Lit) ၁ပုံး ၊ ပိုးသတ်ဆေး (20Lit) ၁ ပုံး ၊ ပါရာစီတမော(၁၀၀၀)ပါ ၂ဘူးတို့ကိုလှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတဆရာတော်မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ​
Mar 12,2022
ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အစိုးရ အဖွဲ့ပိုင် VIP ဧည့်ရိပ်သာ(ဧရာဝတီ)ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။