နယ်ရုံးများ၏သတင်းများ

Mar 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာရပ်ကွက်ရှိ" အောင်ရန်ကင်း" စေတီတော်မြတ်ကြီး၌ တင်လှူပူဇော်မည့် အရန်စေတီတော်၊ ရွှေထီးတော်များနှင့် ဘုရား (၈) ဆူအားပြည် သူများဖူးမျှော်နိုင်ရန်အတွက် မြို့ပေါ် ရပ်ကွက် အတွင်း လှည့်လည်ပူဇော်ခြင်းကို ယနေ့ နံနက်ပိုင်း ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 11,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ဖြစ်သော “လတ်တလောဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရော ဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက် ရောက် ဆက်လက်ဆောင်ရွက်သွားမည်” ချမှတ်ထားသည့် အတိုင်း မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး Mobile Team(၃)ဖွဲ့ဖြင့် ယနေ့ နံနက် (၆)နာရီမှ စတင်၍ မြေပြင်ကွင်းဆင်း ထိုးနှံပေးခဲ့သည်။
Mar 11,2022
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများ၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် နေပြည်တော်လူမှုဝန်ထမ်းဦးစီးမှ ဝန်ထမ်း များပူပေါင်းပြီး ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များ ကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​သည်။
Mar 11,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ် တားဆီးရေးဆိုင်ရာ အသိပေးအချက်များကို မတ်လ(၁၀)ရက်နေ့ နံနက်(၉)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ရပ်ကွက်များသို့ သွား ရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ ့ကြသည်။
Mar 11,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို၊ အဋ္ဌမအသုတ်အထိ ဆောင်ရွက်ပေးလျက်ရှိရာ၊ ယနေ့ နံနက်(၈)နာရီမှ စတင်၍ မြို့ပေါ်သို့လာရောက် ကြမည့်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး ကြောင်း QR Code စစ်ဆေးခြင်းများကို၊ မြို့အဝင်သတ်မှတ် နေရာများ တွင်ဆောင်ရွက်လျက်ရှိပြီး၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကိုလည်း ရပ်ကွက်/ကျေး ရွာများအလိုက် စုရပ်ဖွင့်လှစ် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
Mar 11,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် မိုးကြိုချည်မျှင်ရှည်ဝါ ဧက ၁၈၀၀ စိုက်ပျိုးရန်လျာထားပြီး ယမန်နေ့ကအထိ ၅၀၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် မတ်လကုန်တွင် လျာထားချက် ပြည့်မီအောင်စိုက်ပျိုးသွားမည် ဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
Mar 11,2022
မန္တလေးတိုင်းဒေသကြီးရမည်းသင်းခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက်(၉)နာရီက ကလေး သူငယ်အလုပ်သမားပပျောက်ရေး ဆိုင်ရာခရိုင်ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုကျင်းပပြုလုပ်ကြောင်း သိရသည်။
Mar 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဘောဂလိမြို့ အတွင်းရှိ မိဘပြည်သူများအား သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က Hand Speaker ဖြင့် မြို့အတွင်း လှည့်လည် နှိုးဆော်ခဲ့ကြသည်။