Mar 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာမှ နွေစပါးစိုက်တောင်သူအများစုသည် ယခင်က အင်းရေကို ရေမြောင်းများဖြင့်သွယ်တန်းကာ စိုက်ပျိုးခဲ့ကြရာ စိုက်ပျိုးရေလုံလောက်စွာ ရရှိခဲ့ ကြပြီး ယခုအခါ အင်းရေမှာ စောလျင်စွာခန်းခြောက်လာခဲ့ခြင်းကြောင့် စိုက်ပျိုးရေအတွက် မြေအောက် ရေကိုအသုံးပြုနိုင်ရန် စက်ရေတွင်းများတူးဖော်နေကြကြောင်း တောင်သူများထံမှသိရသည်။