နယ်ရုံးများ၏သတင်းများ

Mar 12,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှမထိုးနှံရသေးသည့် အသက် ၁၈ နှစ်အထက်ရှိသူများကို ယနေ့ နံနက် ၉ နာရီက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီ ခန်းမတွင် အဆိုပါကာကွယ်ဆေးအား ပထမအကြိမ် ထိုးနှံပေးလျက်ရှိသည်။
Mar 12,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းအတွင်း (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ရုံးရှေ့မုခ်ဦးတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Mar 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း များတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် များအား Booster Dose ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက စျေးတန်းရပ်ကွက်ရှိ မြို့လယ်သီရိမင်္ဂလာဓမ္မာရုံ ကာကွယ်ဆေးထိုးစုရပ်တွင် စတင်ထိုးနှံပေးကြောင်း သိရသည်။
Mar 12,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများ တွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန ၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက် သရုပ်ပြ လေ့ကျင့်ခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
Mar 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာတမ်း ပြပွဲနှင့် ဟောပြောပွဲအား လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်။
Mar 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်စည်ပင်သာယာရေးဌာနနှင့် အင်တောမြို့နယ်ခွဲ စည်ပင်သာယာရေးဌာနတို့၏ ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်း လိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ဈေးပြိုင်စနစ်ဖြင့် စီစစ်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ရပ်စောက်မြို့နယ်၊ ဇော်ဂျီရပ်ကွက်အတွင်းရှိ ရဿဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 12,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲ မြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများ “လူမှုဘဝပြည့်စုံ ဖို့၊ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ် ဆောင်ရွက်ခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ရမ်းဗြဲမြို့၊ အမှတ်(၄)ရပ်ကွက်သို့ သွား ရောက်ပြီး အိမ်ထောင်စုလူဦးရေ စာရင်း ပြုလုပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ဆောင်ရွက်‌‌ ပေးခြင်းကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
Mar 12,2022
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ နိုင်ငံတစ်ဝန်း ပြုလုပ်ကျင်းပမည့် ၂၀၂၁ -၂၀၂၂ ခု ပညာသင်နှစ် တက္က သိုလ်ဝင် စာမေးပွဲအား မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်း ပမည်ဖြစ်ရာ ပေါက်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူ စုစု ပေါင်း ၅၀၅ဦး ဝင်ရောက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။