နယ်ရုံးများ၏သတင်းများ

Mar 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre တွင် ယနေ့မွန်းလွဲ ၁ နာရီက လူငယ်နှင့်ယဉ်ကျေးမှု အကြောင်း သိကောင်းစရာTalk Show ကျင်းပခဲ့သည်။
Mar 14,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ လူထုအခြေပြုဗဟိုဌာန (Community-Centre)ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ရုပ်ပုံ ပြပုံပြင်ပြောပြခြင်းကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
Mar 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် စာပေ ချစ်မြတ်နိုးသူများအသင်းBookClub အဖွဲ့ဝင် များဖြင့်စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားထားသော“စာကောင်းပေကောင်းရဲ့အရသာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Mar 14,2022
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမက မူလွန်(၂၀)တို့ ပူးပေါင်း၍ ကလေးများအတွက် အုပ်စုလိုက်စံနစ်တကျ စာပေဖတ်ရှုခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Mar 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင်ခြံ လုပ်ငန်းများဖြစ်သည့် ရာဘာစိုက်ပျိုးခြင်း လုပ်ငန်း များကိုလည်း စိုက်ပျိုးလုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
Mar 14,2022
ပြင်ဦးလွင်မြို့နယ် ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲက ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရေး ဆရာများအသင်း(ပြင်ဦးလွင်)နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန် ထမ်း များတက်ရောက်ဆွေးနွေးခဲ့ကြသည်။
Mar 14,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေးအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကိုယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည်။
Mar 14,2022
ကော့သောင်းမြို့တွင် တဖက်နိုင်ငံမှတင်သွင်းလာသည့် အများပြည်သူစားသုံးရန်မသင့်သည့် တရားမဝင် ကုန်ပစ္စည်းများအားကော့သောင်းခရိုင် တရားမဝင်ကုန်သွယ်မှုတားဆီးရေးဌာန ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ်၊ အကောက်အခွန်ဦးစီး ဌာနမှူး ရုံး၊ ကွင်းပြင်အတွင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။