ကျိုက်ထို မတ် ၁၂
ကျိုက်ထိုမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်ကာယပညာဦးစီးဌာနတို့ပူး ပေါင်း ၍ (၄၈)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို မတ်လ ၉ ရက် နေ့မှ (၁၁)ရက်နေ့ထိ ကျိုက်ထိုမြို့နယ် အောင်ဆန်းအားကစားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများမှာ အမျိုးသား၊အမျိုးသမီး စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ အမျိုးသားသဲသောင်ပြင်ဘော်လီဘောပြိုင်ပွဲ၊ အမျိုးသားဖူဆယ်ပြိုင်ပွဲတို့ကို (၃)ရက်ကြာကျင်းပခဲ့ရာ အမျိုးသား စားပွဲတင်တင်းနစ် ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုကိုသိမ်ဇရပ်မြို့မှလည်းကောင်း၊ တတိယဆုကို သိမ်ဇရပ်မြို့နှင့်ဖက္ကလိပ်ကျေးရွာတို့မှ ပူးတွဲ ရရှိပြီး အမျိုးသမီးစားပွဲတင် တင်းနစ်ပြိုင်ပွဲ ပထမဆုကို တောင်သူစုရပ်ကွက်မှလည်းကောင်း၊ ဒုတိယဆုကို ဖက္ကလိပ်ကျေးရွာမှလည်းကောင်း၊ တတိယဆုကို မြောက်ပိုင်းရပ်ကွက်နှင့်တောင်သူစုရပ်ကွက်မှပူးတွဲရရှိသည်။ အမျိုးသားသဲသောင်ပြင်ဘော်လီ ဘောပြိုင်ပွဲတွင် ပထမဆုကို သိမ်ဇရပ်မြို့ဆိပ်ကမ်းသာမှလည်းကောင်း၊ ဒုတိယဆုကို ဖက္ကလိပ်ကျေးရွာမှာ လည်းကောင်း၊တတိယပူးတွဲဆုကို ကင်မွန်းချောင်းကျေးရွာနှင့် ကျိုက်ပိကျေးရွာတို့မှလည်းကောင်း၊ အကောင်းဆုံးဘောလုံးသမားဆုကို ဇေယျာမွန်အသင်းမှ လည်းကောင်း၊ ဖူဆယ်ပြိုင်ပွဲတွင်ဇေယျာမွန်အသင်းမှ ပထမ ၊ဒုတိယဆုကို သိမ်ဇရပ်(ခ) အသင်းမှလည်းကောင်း၊ တတိယဆုကိုသိမ်ဇရပ် (က) အသင်းမှလည်း ကောင်း အသီးသီးရရှိခဲ့ကြသည်။
ပြိုင်ပွဲဝင်ဆုရအားကစားသမားများအား မတ် ၁၁ ရက် ညနေ ၅ နာရီ တွင်မြို့နယ်အားကစားပြိုင်ကွင်း၌ဆုချီး မြှင့်ပွဲအခမ်းအနားကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုး၊ အဖွဲ့ဝင်ဗိုလ်မှူးပြည်ထွန်း ၊ အဖွဲ့ဝင် ဦးရဲနိုင် ၊သိမ်ဇရပ်မြို့ အုပ်ချုပ်ရေးမှူး ဦးတေဇာကြည်နှင့် အလှူရှင် ဦးဇော်လင်း(ဇွဲမာန်တာယာရောင်းဝယ်ရေး)တို့မှဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)