နယ်ရုံးများ၏သတင်းများ

Mar 12,2022
၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မင်္ဂလာ အခမ်းအနားကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
Mar 12,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များဖြစ်သော စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်မြို့တော် ဝန်ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ညွှန်မှူး ဦးလွင်ကိုဦး၊ ရန်ကုန် အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်တို့သည် ယနေ့နံနက် ၁၀ နာရီအချိန်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်စစ်ပင် တောင် ရပ်ကွက်အမှတ် ၇ လမ်းမကြီးဘေးပေါက်ကုန်းကွင်းငမိုးရိပ်ရေထိန်းတံ ခါးသို့ရောက်ရှိပြီး နွေစပါးနှင့်မြို့ရေပေးဝေရေး၊ မိုးရာသီ ရေကြီးရေလျှံမှုမဖြစ် ပေါ်စေရေးနှင့် ရေငံဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
Mar 12,2022
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် အကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို Mobile စနစ်ဖြင့်အိမ်တိုင်ရာရောက် ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့က စတိန်ကျေးရွာအုပ်စု ထောင်ဖီးကျေးရွာတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Mar 12,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် Mobile အဖွဲ့ဖြင့်ကွင်းဆင်း၍ ကျန်းမာရေးဌာနမှ ဝန်ထမ်းများကသွားရောက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ကဇီးဖြူပင်အုပ်စု၊ဉသျှစ်ကုန်းအုပ်စု၊နတ်တပ်အုပ်စု၊ဇီးကျွန်းအုပ်စု၊တောကြီးအုပ်စု၊တောင်ဘိုကြီးအုပ်စု၊သမန်ကျင်းအုပ်စုရှိ ပြည်သူများအား အဆိုပါကျေးရွာရှိ ကျေးလက်ဆေးပေးခန်းများတွင် ပထမအကြိမ် ထိုးနှံပေးလျက်ရှိသည်။
Mar 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား ကလပ်ပေါင်းစုံ အသက် (၂၅)နှစ် အောက် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့မအားကစကားကွင်း၌ ကျင်းပသည်။
Mar 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊မိုးကောင်းပရိယတ္တိစာသင်တိုက်ကြီးတွင် ၁၃၈၂-ခုနှစ်၊ နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲဘွဲ့ရ သာသနာ့အာဇာနည်များ၊ နိုင်ငံတော်အစိုးရ ပါဠိပထမပြန် စာမေးပွဲ စာအောင်သာသနာ့အာဇာနည်များ ၁၃၈၃-ခုနှစ် ပရိယတ္တိသာသနပါလစာမေးပွဲ စာအောင် သာသနာ့ အာဇာနည်များအား စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဟင်္သာတမြို့ တာကလေးရပ် ၊ မိုးကောင်းပရိယတ္တိစာသင်တိုက် ဘောဇနဂုဏ်ရည် ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 12,2022
မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၁/၂၀၂၂)ကို ယမန်နေ့ နေ့လယ် ၃ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် လမ်းညွှန်အမှာစကား ပြောကြားသည်။