ကျောက်ပန်းတောင်းမြို့နယ်၌ ဆောင်းကြက်သွန်နီစိုက်ပျိုးတောင်သူများ ချောင်းရေ ကျရောက်ခြင်းကြောင့် ကြက်သွန်နီခင်းများအချိန်မတိုင်မီနုတ်သိမ်းနေရ

ကျောက်ပန်းတောင်း  ဧပြီ  ၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ဆောင်းကြက် သွန်နီ စိုက်ပျိုးတောင်သူများ ယမန်နေ့ နံနက် ၃နာရီခွဲအချိန်တွင် ရွာသွန်းသည့်မိုး ကြောင့် ထန်းလယ်ချောင်းရေကျကာ ဆောင်းကြက်သွန်နီစိုက်ခင်းများအချိန်မကုန်မီနုတ် သိမ်းနေရကြောင်း ကျောက်ပန်းတောင်းမြို့နယ် ၊လဲဂွကျေးရွာမှကြက်သွန်စိုက်ပျိုးတောင်သူ ဒေါ်ဝိုင်းငြိမ်းထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်နီစိုက်ပျိုးခြင်းအား ကြက်မောက် တောင်ချောင်း ကျေးရွာများဖြစ်သည့် လက်ပံ့အိုင့်ရွာ၊လဲဂွရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ ကုန်းတဲကျေးရွာ၊ဆပ်ပြာ ကျင်းကျေးရွာနှင့်မုန့်ကုန်းကျေးရွာများသည် မိုးတွင်းကာလလွန်မြောက်ချိန်တွင် ဆောင်းကြက် သွန်များ ချောင်းတလျှောက်စိုက်ပျိုးကြကြောင်းသိရပြီး ယခုနှစ်တွင် မတ်လ ၂၃ရက်နေ့က လည်းကြက်မောက်တောင်ချောင်းရေကျခဲ့ခြင်းကြောင့် ကြက်မောက်တောင်ချောင်းတလျှောက် ဆောင်းကြက်သွန် ဧက (၇၀)ခန့်ရေပါသွာခဲ့ ကြောင်း၊ ဧပြီ ၃ရက်နေ့ကလည်း မိုးရွာသွန်းခဲ့ပြီး ထန်းလယ်ချောင်းရေကျကာ ဆောင်းကြက်သွန်နီစိုက်ခင်းများအတွင်း ရေစီးဖြတ်သန်းကာ အချို့ကြက်သွန်စိုက်ခင်းများအတွင်း ရေဝပ်ခြင်း၊ ရေစီးနှင့်အတူမျှောပါခြင်းများရှိခဲ့ပြီး၊ ဆောင်းကြက်သွန်စိုက်ပျိုးတောင်သူများ နုတ်သိမ်းဖို့ရက်ပိုင်းအလိုကျမှ မိုးရွာကာ ထန်းလယ် ချောင်းရေကျခြင်းကြောင့် ကြက်သွန်စိုက်ပျိုးတောင်သူများချောင်းရေအတွင်း အရေးပေါ် အခြေအနေဖြင့်နုတ်သိမ်းနေရကြောင်း ဒေါ်ဝိုင်းငြိမ်းမှရှင်းပြ၍ သိရသည်။

ကိုထိန်၊KPD