ဂွ ဧပြီ ၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်၊ လူရွယ်များအား ဉာဏ်ရည် မြင့်မားရေး စစ်တုရင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်းက ကျင်းပပြု လုပ်ခဲ့သည်။
ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များအနေဖြင့် အချိန်ကို အကျိုး ရှိစွာ အသုံးချစေလိုပြီး လူငယ်များ ဉာဏ်ရည်မြင့်မားရေးအတွက် ယခုကဲ့သို့ အားကစားပြိုင်ပွဲ များကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဝင်းက စစ်တုရင်ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းကမ်းများ၊ လေ့ကျင့်ပျိုးထောင်ရမည့် အားကစားစိတ်ဓါတ်များအကြောင်း ပြောကြား ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက အကဲဖြတ်ဒိုင်အဖြစ် ပြုလုပ်ပေးပြီး ဆုများကို ရွေးချယ်ပေးခဲ့ရာ ပထမ၊ ဒုတိယနှင့် တတိယဆုများကို မြို့နယ် ဦးစီးရာရှိနှင့် တာ၀န်ရှိသူများက ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်