နယ်ရုံးများ၏သတင်းများ

Apr 08,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ကျောင်း သားကျောင်းသူများ စာစစ်ဌာန အသီးသီး၌ နောက်ဆုံးနေ့သမိုင်းဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Apr 08,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (CommunityCentr)ခန်းမတွင် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ ကျောင်းစာအပြင် အထွေထွေ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ဧပြီလ(၄)ရက်နေ့မှ စတင်၍ ကာတွန်းအခြေခံရေးဆွဲနည်း သင်တန်းကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
Apr 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ကျောင်းသား၊ကျောင်းသူများက ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ(သမိုင်းဘာသာရပ်)ကို ယနေ့ နံနက်(၉)နာရီ အချိန်မှစ၍ ဆက်လက်ဖြေဆိုခဲ့သည်။
Apr 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ဆီဆိုင်မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (သာမာန်)သင်တန်းကို ဧပြီ ၅ ရက် နံနက် ၉ နာရီမှ စ၍ နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူ ခြေခံပညာအထက် တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Apr 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ မြို့နယ်ဘောလုံးကွင်းတွင် ပြုလုပ်သည်။
Apr 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကိုထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံမှု တစ်မြို့နယ်လုံး လွမ်းခြုံနိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပါဝင် သော ပူးပေါင်းအဖွဲ့က ကာကွယ်ဆေးထိုးနှံ ပြီး/မပြီး၊ ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ် ရှိ/မရှိ စစ်ဆေးခြင်းနှင့် Mobile System ဖြင့်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ဆီဆိုင် မြို့ဝင်၊ မြို့ထွက် ဂိတ်များတွင် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆောင်ရွက်လျက် ရှိသည်။
Apr 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကခမောက်ကြီးမြို့ရှိ ဌာန ဆိုင်ရာရုံးများသို့ နယ်လှည့်စာငှားပေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
Apr 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများမှ ယနေ့ နံနက် ( ၉) နာရီအချိန်က စတင်၍ နေ့လည်၁၂ နာရီထိ သမိုင်းဘာသာရပ်ကိုအေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။