ရန်ကုန် ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများမှ ယနေ့ နံနက် (၉) နာရီအချိန်က စတင်၍ နေ့လည်၁၂ နာရီထိ သမိုင်းဘာသာရပ်ကို ဖြေဆို လျက်ရှိကြောင်း သိရသည်။
နိုင်ငံတစ်ဝန်းလုံးတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ စစ်ဆေးဖြေဆို လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် သမိုင်းဘာသာရပ်အား အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် စာရင်းရှိ (၄၇) ဦး၊ ပျက် (၄) ဦး၊ ဖြေဆိုသူ (၄၃) ဦး၊ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းတွင် စာရင်းရှိ (၅၄)၊ ပျက်ကွက် (၇) ဦး၊ ဖြေဆိုသူ(၄၇)ဦး၊ စာစစ်ဌာန (၂) ခုတွင် တက္ကသိုလ်ဝင် စာမေးပွဲကို မြို့နယ် အတွင်းမှကျောင်းသား/ ကျောင်းသူစုစုပေါင်း (၉၀) ဦး ဖြေဆိုကြရာ ဖြေဆိုမှုရာခိုင်နှုန်း ၈၇.၀၄ % ရှိကြောင်း သိရသည်၊၊
စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများဘေး အန္တရာယ်ကင်းရှင်းစေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးကြပြီး မြို့နယ်ကြက်ခြေနီ အသင်းမှလည်း ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။
မြင့်မြင့်ရီ