မဟာ သင်္ကြန်ရုံးပိတ်ရက် စာပေဖတ်ရှုနိုင်စေရန် နယ်လှည့်စာငှားခြင်း ဆောင်ရွက်

ခမောက်ကြီး ဧပြီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကခမောက်ကြီးမြို့ရှိ ဌာန ဆိုင်ရာရုံးများသို့ နယ်လှည့်စာငှားပေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ နယ်လှည့်စာငှားခြင်းဆောင်ရွက်ရာတွင် ခမောက်ကြီးမြို့ ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက  ပြည်သူ့စာကြည့်တိုက်မှ သုတ၊ ရသ စာအုပ်များအား မဟာသင်္ကြန်ရုံး ပိတ်ရက်အတွင်း အများပြည်သူ အသိပညာဗဟုသုတများရရှိစေရန် အလို့ငှာ စာကြည့်တိုက် သို့ အလွယ်တကူလာရောက်ရန်မအားလပ်သည့် ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများထံသို့ သွားရောက်၍  နယ်လှည့်စာငှားခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရူပါမြင့်(ခမောက်ကြီး)